Tuesday, July 29, 2014

ပညာရည်ချွန်ဆု ချီးမြှင့်ရေး အကြိုညှိနှိုင်း

မြင်းခြံ ၊ ဇူလိုင်  ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဧရာဝတီခန်းမတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင်လ (၂၇) ရက် နေ့လည် (၂း၃၀) နာရီ အချိန်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးအောင်ဇံမှ ပြောကြားရာတွင် ယခင်က ပညာရည်ချွန်ဆုချီးမြှင့်ခြင်းကို တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ (၁၂) ကြိမ်တိတိ ချီးမြှင့်ပေးခဲ့ ပါကြောင်း၊ ယခုနှစ်တွင် မြင်းခြံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များမှ ဆုချီးမြှင့်နိုင်ရေးစီစဉ်ထားပါကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူ (၁၅၅) ဦး၊ မြင်းခြံဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာကောလိပ်မှ ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၆၂) ဦးနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/ဆရာမ(၇၂) ဦးအား ဆုချီးမြှင့်နိုင်ရေးကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ ခရိုင်ပညာရေးမှူး ဦးတင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဘသစ်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ဝင်များ၊ ဒီဂရီကောလိပ်များ မှ ကျောင်းအုပ်ကြီးများ၊ အ.ထ.က ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီတို့မှ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment