Tuesday, July 29, 2014

ဌာနဆိုင်ရာများနှင့် လူမှု့ရေးအသင်းအဖွဲ့ အခမ်းအနားများတွင် ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးများအဖြစ် ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီ

မန္တလေး၊ ဇူလိုင် ၂၈
အခမ်းအနားမှူးတစ်ဦးအဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသည့် အခမ်းအနားမှူး ဆင့်ပွားသင်တန်းဆင်းပွဲကို ဇူလိုင် ၂၇ ရက်က ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၁၄) ရပ်ကွက်မှ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ သင်တန်းသူ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆင်း အမျိုးသမီးငယ်များအနေဖြင့် မိမိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် လူမှု့ရေးအသင်းအဖွဲ့ အခမ်းအနားများတွင် ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးများ အဖြစ် ကူညီပံ့ပိုး ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်နန်းဆွမ်မွမ်နွှမ်က ထူးချွန်သင်တန်းသူများအား ဆုချီးမြှင့်ခြင်းနှင့် နည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ကြောင်း သိရသည်။

No comments:

Post a Comment