မြစ်ကြီးနား
ဇူလိုင် ၁
၂၁၀၄ ခုနှစ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးဖလား
ရပ်ကွက်/ကျေးရွာ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်လ (၃၀) ညနေ (၃) နာရီ တွင်
မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးလှိုင်း မောင်မောင်၊ ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများ၊
ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက
အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ဘောလုံးအားကစား သမားများက မြို့နယ် အုပ်ချုပ် ရေးမှူးအား
စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ
ယုဇနရပ်ကွက် အသင်းနှင့် အေးစေတီ ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ယုဇနရပ်ကွက်
အသင်းက အေးစေတီရပ်ကွက် အသင်းကို (၃) ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။
ဘောလုံး ပြိုင်ပွဲကာလမှာ
(၃၀-၆-၂၀၁၄) မှ (၃-၈-၂၀၁၄) ရက်နေ့ထိ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း
ပေါင်း (၂၉) သင်းရှိကြောင်း သိရှိရသည်။
No comments:
Post a Comment