Wednesday, July 2, 2014

လူငယ်တွေ့ဆုံပွဲ ကျင်းပ

မြင်းခြံ၊ ဇူလိုင် ၁
မြင်းခြံမြို့၊ မဏိကဉ္စနာခန်းမတွင် ဇူလိုင်(၁) ရက်နေ့ နံနက် (၉း၄၀) နာရီအချိန်တွင် လူငယ်တွေ့ ဆုံပွဲကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံမှ အမှာစကားပြောကြားပြီး၊ အောင်နိုင်ရေးအလံကို ခရိုင်နယ်မြေတာဝန်ခံ ဦးမျိုးမြင့်မှ ပေးအပ်ခဲ့ သည်။ အခမ်းအနားသို့ ဝန်ကြီး ဦးအောင်ဇံ၊ ခရိုင်ပြည်ခိုင်ဖြိုးအတွင်းရေးမှူး၊ မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊  မြို့မိမြို့ဖများ၊ ပါတီဝင် လူငယ်မောင်မယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment