Monday, July 28, 2014

မိုးပွင့်အဆင့်(၆) စီမံချက်ဖြင့် အရာတော်မြို့နယ်မှ ဒေသခံများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေး



မုံရွာ  ဇူလိုင်  ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကမ်းပြူကျေးရွာတွင် နိုင်ငံသား အရည်အချင်းပြည့်မီသူ ပြည်သူများအား မိုးပွင့်အဆင့်()စီမံချက်ဖြင့် မြို့နယ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးစိုးမြင့်နှင့် ဝန်ထမ်းများက ဇူလိုင်လ(၂၆)ရက်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ပြီး နိုင်ငံသား စီစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ပါသည်။

အဆိုပါ နိုင်ငံသား စီစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝင် ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကံထွန်းနှင့် ဦးစောထွန်းဦင်္း မြို့နယ်စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ဒေသခံပြည်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment