Monday, July 28, 2014

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ေ ရးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ဦးဆောင်သောအဖွဲ့ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



စစ်တွေ   ဇူလိုင် ၂၈
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်အဖွဲ့သည် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက စစ်တွေမြို့ မြို့လယ် ချောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရခိုင်ပြည်နယ်ဦးစီးမှူးက မြို့လယ်ချောင်း ရေဆင်းကောင်းမွန်စေရန် ချောင်းဝမှစတင်၍ စက်ယန္တရားများဖြင့် ကုလားတန်မြစ် ၏ ရေနက်ပိုင်းနှင့် ဆက်စပ် ဆောင်ရွက်သွားမည့် အစီအမံဖြစ်ပြီး တူးမြောင်းအတွင်း နှုံးအနယ်ပြန်မကျစေရန် ကျောက်ရိုးဖြင့်
အတားအဆီးတစ်ခုကိုပါ ထည့် သွင်းဆောင်ရွက်မည့်အစီအမံ၊ လိုအပ်သည့် ဒီဇိုင်းနျင့် တွက်ချက်မှုများ ဆောင်ရွက်နေပြီး သြဂုတ်လ ဒုတိယပတ်မှစတင် လုပ်ငန်းဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ လုပ်ငန်းများအား အမြန်ဆုံး စတင်ဆောင်ရွက်ရန်နှင့် စံချိန်စံညွှန်းကိုက်ညီမှု ရှိရေးတို့ကို မှာကြားခဲ့သည်။ ယင်းနောက် ဆတ်ရိုးကျချောင်းအား ကြည့်ရှုစစ်ဆေး ရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာန ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြရာတွင် ဆတ်ရိုးကျချောင်း ထိန်းသိမ်းရေးလုပ်ငန်း အား ပြည်ထောင်စုသီးသန့်ရန်ပုံငွေကျပ် (၁၅၀၀)သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက်နေပါကြောင်း၊ ရေဘက်ဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းအဖြစ် Bored Pile အခြေပြုမြေထိန်းနံရံ အလျား (၂၀၀၀)ပေ တည်ဆောက်ခြင်း၊ စစ်တွေမြို့ဘက်ကမ်း၌ (၅၀၀)ပေနှင့် အခြားဘက်ကမ်းမှ (၁၅၀၀) ပေဖြစ်ပါကြောင်း၊ 20” diameter RC Pile များကို မြေ၀င် ၃၀´၊ ၁၆´ ခြားစီတည်ဆောက်၍ အဆိုပါ ပိုက်များပေါက်၌ RC Pile Cap ကိုတည်ဆောက်၍ အပေါ်ပိုင်း ကျောက်ကြီး မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအမျိုးအစားဖြစ်ပါကြောင်း၊ ဖော်ပြပါလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေ ကျပ် (၅၈၄.၆)သန်းဖြင့်ဆောင်ရွက်လျက်ရှိပြီး ခန့်မှန်းခြေအားဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ တွင် ပြီးစီးမည်ဖြစ် ပါကြောင်း၊ ချောင်း၏ အကျယ်နှင့်အနက်ကို ထိန်းသိမ်းခြင်း၊ (၄)မီတာအနက် သောင်တူးဖော်ခြင်းလုပ်ငန်းအား ဌာနပိုင် သောင်တူးရေယာဉ် (ဗ/၁၀၀၁)နှင့် (ဗ/၆၀-၂)တို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း ကုဗမီတာ (၁၀၇၁၄၃၅)တူးဖော် မည်ဖြစ်၍ ခွင့်ပြုရန်ပုံငွေ (၉၁၅.၄)သန်းဖြင့် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဆတ်ရိုးကျတံတားမှအစပြု၍ ကုလားတန်မြစ်ဝ အထိ တူးဖော်မှုလုပ်ငန်းကို ဒီဇင်ဘာလတွင် အပြီးဆောင်ရွက်သွားရန် လျာထားပါကြောင်းဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းမှ လုပ်ငန်းများအား စေတနာထားဆောင်ရွက်ပေးရန်၊ စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် ဆောင်ရွက်သွားရန်နှင့် လူထု ထင်သာမြင်သာရှိအောင် ဆောင်ရွက်သွားရန်၊ ပြည်သူလူထုသိရှိစေရန် ဆိုင်းဘုတ်များထောင်၍ ရေးသားဖော်ပြရန်၊ စုပ် ထုတ်လိုက်သော သဲနှုန်းမြေများကို စနစ်တကျဆောင်ရွက်ပြီး အကျိုးရှိအောင်အသုံးချရန် မှာကြားခဲ့ပါသည်။
ဆတ်ရိုးကျချောင်းကို ပြန်လည်တူးဖော်ခြင်းအားဖြင့် ကမ်းနှစ်ဘက်အား ကမ်းပြိုမှုများကို ထိန်းသိန်းနိုင်ပြီး စစ်တွေမြို့ ရေကြီး၊ ရေလျှံမှုမှ ကာကွယ်နိုင်ခြင်း၊ ခရီးသည်တင်ရေယာဉ်ကြီးများ အချိန်မရွေး ၀င်ထွက်သွားလာနိုင်ခြင်း၊ သဘာဝဘေး အန္တရာယ် မုန်တိုင်းများကျရောက်ပါက ရေယာဉ်များ အရေအတွက်များစွာ ပိုမိုခိုအောင်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment