Monday, July 28, 2014

ဆောမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး



ကျောက်ထု ဇူလိုင် ၂၈
ဂန့်ဂေါခရိုင် ဆောမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)က ၂၀၁၄ ခုနှစ် စိုက်ပျိုးရာသီအတွက် ဆော မြို့နယ်အတွင်း ကျောက်ထုမြို့နယ် (ခွဲ)ဒေသရှိကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၅၀ တွင် တောင်သူ ၃၅၀၀ တို့အား မိုးစပါးစိုက်ဧက ၅၄၈၀ အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ် ချေးငွေများကို ဇူလိုင် ၂၆ ရက်တွင် အပြီးသတ် ထုတ် ချေးပေးပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြေပဲ၊ နှမ်း၊ စသည့် ယာသီးနှံများ စိုက်ပျိုးဧက ၅၀၀၀ အတွက်ကိုလည်း တစ်ဧကလျှင်ငွေကျပ် သောင်းနှုန်းဖြင့် ထုတ်ချေးပေးထားရာ တောင်သူများအနေဖြင့် သီးနှံမျိုးများဝယ်ယူစုဆောင်းခြင်းနှင့် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာများ ကြိုတင်ဝယ်ယူမှုအတွက် လွယ်ကူအဆင်ပြေသွားကြောင်း သိရသည်။

No comments:

Post a Comment