Monday, July 28, 2014

အချုပ်သားများထွက်ပြေးမှုဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲပြုလုပ်



နေပြည်တော် ဇူလိုင် ၂၈
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲမြို့မရဲစခန်းမှ အချုပ်သားများ ထွက်ပြေးမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၇ ရက်နေ့ နာရီအချိန် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံရှင်းလင်းပွဲသို့ ကျောက်မဲခရိုင်တရားသူကြီး ဒေါ်စိုးဉာဏ်၊ ခရိုင်ဥပဒေအရာရှိ ဦးဝင်းမြင့်၊ ကျောက်မဲခေတ္တ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ဌေးနှင့် ခရိုင်^မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထောက် အကူပြုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့သည်။
တွေ့ဆုံရှင်းလင်းပွဲ၌ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က အဆိုပါ အချုပ်သားများ ထွက်ပြေးမှုဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက်နေ့  နာရီ ၁၅ မိနစ်အချိန် အချုပ်ခန်းတာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးမှ အချုပ်ခန်းအတွင်းသို့ စောင်ထုပ်များ ထည့်သွင်းစဉ် လောက်လူ ပါ အချုပ်သား()ဦးမှ တာဝန်ကျတပ်ဖွဲ့ဝင်အား တိုက်ခိုက်၍ထွက်ပြေးသဖြင့် တာဝန်ကျတပ်ဖွဲ့ဝင်များမှ သတိပေးပစ်ခတ်ခဲ့ သော်လည်း မိမိတပ်ဖွဲ့ဝင်များအား ထိခိုက်ဒဏ်ရာရရှိအောင်ပြုမူပြီး အချုပ်ခန်းအပြင်လျှောက်လမ်းမ သံဇကာများအားဆွဲခွာ၍ ထွက်ပြေးသွားသောကြောင့် ပစ်ခတ်တားဆီးခဲ့ရာ ()ဦးတွင် ဒဏ်ရာများရရှိ အသက်ဆုံးရှုံးခဲ့ပြီး ()ဦး၌ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း၊ မလွှဲမရှောင်သာသည့် အခြေအနေ ကြောင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးတင့်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းသောင်းနှင့် အမှတ်()ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုတို့မှလည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထွက်ပြေးအချုပ်သား များအား အချုပ်ခန်းအတွင်း ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ထွက်ပြေးရန်ကြိုးစားစဉ် အဆောက်အဦပြင်ပရှိ ခြံစည်းရိုးအတွင်း၌သာ ပစ်ခတ်တားဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးဝင်းသောင်း မှလည်း မိမိ၏တပ်ဖွဲ့ဝင်များဖြင့် ရဲစခန်းသို့လာရောက်၍ ထွက်ပြေးအချုပ် သားများအား ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများအား ရဲစခန်း အချုပ်ခန်း အတွင်းမှအချုပ်သားများ ထွက်ပြေးမှုဖြစ်စဉ်နှင့် အခင်းဖြစ်နေရာ များအား လိုက်လံရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများမှလည်း ယခုကဲ့သို့ ချပြရှင်းလင်း မှုကြောင့် အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာသိခွင့် ရပါကြောင်း၊ ဖြစ်စဉ်အား နီးစပ်ရာများသို့လည်း အသိပေးရှင်းပြသွားမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေး ခဲ့ပြီး နာရီ ၁၅ မိနစ်အချိန် တွေ့ဆုံ ရှင်းလင်းပွဲပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment