Monday, July 28, 2014

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ(ပုသိမ်)၌ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယ အဆင့်အရှိန်မြှင့်တင်မှုလုပ်ငန်းစဉ်များ အလုပ်ရုံဆွေးနွေး



နေပြည်တော်   ဇူလိုင်  ၂၈
နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်မြှင့်တင်မှု လုပ်ငန်းစဉ်များဖြစ်သည့် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်(၂၆)ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြန်မာနိုင်ငံဆရာဝန်အသင်းခန်းမ(ပုသိမ်) ကျင်းပရာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု လုပ်ငန်း စဉ်ကို အသေးစိတ်ရှင်းလင်းပြီး မိမိတာဝန် ယူရသောဒေသကို ဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ နည်းပညာအရင်း အနှီးများအပြင် ဈေးကွက်ပါ စီမံဆောင်ရွက် ပေးသင့်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား အခြားဌာန အဖွဲ့ အစည်းများဖြင့် ပေါင်းစပ်ကာ ချိတ်ဆက်ဆောင်ရွက်ရသည့် နည်းလမ်းများကို သိရှိကျွမ်းကျင်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ တာဝန် ကျေပွန်သော  Focal Ministry ဖြစ်မည်ဖြစ်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်တတ်ရန် လိုအပ်သလို ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားများထားရှိတတ်ရန် အရေးကြီးကြောင်း ပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဆန်းမောင်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ဦးကျော်ဝင်းနိုင်၊ မွေးမြူရေးပညာရှင် အကြံပေးအရာရှိ ဒေါက်တာ စောပလယ်စောနှင့် တာဝန်ရှိသူများက ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေမှုများကို တင်ပြဆောင်ရွက်ကြရာ တက်ရောက်လာသူများမှ လိုအပ်သည်များ ဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment