Thursday, July 31, 2014

သရက်ချောင်းမြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင် စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲ ကျင်းပ

သရက်ချောင်း ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ်ဖြင့် မိုးစပါးစိုက်ပျိုးပွဲကို ဇူလိုင် ၃၀ ရက်နေ့နံနက်(၉းဝ၀)နာရီ အချိန် ကန်းပြင်ကျေးရွာရှိ တောင်သူဦးမောင်ရှင်၏ (၃)ဧက ကျယ်ဝန်းသည့် လယ်ကွက် တွင်ပြုလုပ်ကျင်းပသည်။



ထိုနောက် ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ထားဝယ်ခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်လှ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့် အတူ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားများတို့က တောင်သူတို့၏ သိပ္ပံနည်းကျ ဘောင်ပျိုးထောင်စနစ် ဖြင့်မိုးစပါးစိုက်ပျိုးနေမှုကို တတ်ရောက်ကြည့်ရှုအားပေးပြီး တောင်သူလယ်သမားများတို့ အားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment