Wednesday, July 2, 2014

မန္တလေးတိုင်းဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

မြင်းခြံ ၊ ဇူလိုင် - ၁
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဘောလုံးပြိုင်ပွဲ၊ မြင်းခြံဇုန်ပြိုင်ပွဲကို ဇူလိုင် (၁) ရက် ညနေ(၄) နာရီ တွင် မြင်းခြံမြို့ ပြည်သူ့အားကစားပြိုင်ကွင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဖလား အသက် (၂၀) အောက်ပြိုင်ပွဲတွင် မြင်းခြံဇုန်၌ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ကျောက်ပန်းတောင်း အသင်း(၅)သင်းကို အုပ်စု(၂)စုခွဲ ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။ ထိုသို့ ယှဉ်ပြိုင်ခြင်းဖြင့် ထူးချွန်ထက်မြက်သော လူငယ်ဘောလုံးကစားသမားများ ပေါ်ထွက်လာရေး၊ လူတစ်စု အားကစားမှ လူထုအားကစားသို့ ရောက်ရှိရေးတို့ကို ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ စတင်ယှဉ်ပြိုင်သည့် ဇူလိုင်(၁) ရက်နေ့တွင် တောင်သာအသင်းမှ မြင်းခြံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment