Wednesday, July 30, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဟောင်းနှင့် လွှတ်တော်အမတ် ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယား သမ္မတနိုင်ငံ ကျန်းမာရေးနှင့် လူမှုဖူလုံရေး ဝန်ကြီးဟောင်းနှင့် လွှတ်တော်အမတ် မစ္စတာ ဆောဆန်းမို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နေပြည်တော်၌ မြန်မာ ဖွံ့ဖြိုးတိုးတက်မှု သိပ္ပံ (Myanmar Development Institute) တည်ထောင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒရေးဆွဲရေးနှင့် စီမံကိန်း စွမ်းဆောင်ရည် မြှင့်တင်ရေး ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ သုတေသန လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဒေါက်တာ ကံဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကိုရီးယား သမ္မတနိုင်ငံ လွှတ်တော်အမတ် ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဘက်ဆွန်း တက်ရောက်သည်။

No comments:

Post a Comment