Tuesday, July 1, 2014

ပြန်လည်စွန့်လွတ်သည့် မြေယာများအား မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့် အခမ်းအနား ကျင်းပ

ကသာ    ဇွန် - ၃၀
ကသာခရိုင်၊ ကသာမြို့ ဧရာရွှေလီအားကစားခန်းမ၌ ဇွန် ၃၀ ရက် နံနက် (၁၀ဝ၀)အချိန် ကသာခရိုင် အတွင်း ပြန်လည်စွန့်လွှတ်သည့် မြေယာများအား မူလပိုင်ရှင်များဖြစ်သော တောင်သူများထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပသည်။



ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးသာအေး က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေး ဝန်ကြီး ဦးစောမြင့်ဦးက တိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စွန့်လွှတ်သည့်မြေယာများအား တောင်သူများထံသို့ လွှဲပြောင်း ပေးအပ်ရာ ကသာမြို့နယ် (၈၁၇.၁၅) ဧက ၊ တောင်သူ (၁၂၂)ဦး၊ အင်းတော်မြို့နယ် (၅၀.ဝ၀)ဧက၊ တောင်သူ (၄) ဦး၊ ကောလင်းမြို့နယ်(၈၇၈.၅၀)ဧက၊ တောင်သူ (၁၁၈)ဦး၊ ဝန်းသိုမြို့နယ် (၄၂၀.၉၄)ဧက၊ တောင်သူ (၁၁၉)ဦးအတွက် မြို့နယ် အလိုက် တောင်သူလယ်သမား ကိုယ်စားလှယ်များက လက်ခံပြီး မြေယာလက်ခံရရှိသည့် တောင်သူများကိုယ်စား တောင်သူ (၁) ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ တပ်မတော် သားကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြို့မိမြိုဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ ရပ်/ကျေး မြေအသုံးချမှု စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ပုံစံ(၃)ယာယီမြေ လက်ခံရယူသည့် တောင်သူ (၂၀ဝ)ဦး၊ စုစုပေါင်း(၆၃၇) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment