Tuesday, July 1, 2014

ဆင်အန္တရာယ်ကြောက်၍ လင့်စင်ပေါ်တက်နေသော ဇနီးမောင်နှံ တောဆင်ရိုင်းနှာမောင်းနှင့် ကိုင်ပေါက်၍ ဇနီးဖြစ်သူ သေဆုံး



တိုက်ကြီး ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ဥက္ကံဒေသ ချောင်းစောက် ကျေးရွာအရှေ့ဘက် နှစ်မိုင်ခန့်အကွာ တောစပ်လျှိုအနီးတွင် အမျိုးသမီးတစ်ဦးကို တောဆင်ရိုင်းတစ်ကောင်က နှာမောင်းဖြင့်ရစ်ပတ်ကာ ကိုင်ပေါက် ခံရ၍ သေဆုံးကြောင်း သိရသည်။
ဇွန် ၂၇ ရက် နံနက် နာရီကဥက္ကံရဲစခန်းမှ သတင်းအရသွားရောက် စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် ကျွန်းစိုက်ခင်းအစောင့်ဖြစ်သူ ချောင်းစောက်ကျေးရွာနေ ဦးအောင်ဒင်၏ဇနီး ဒေါ်သေးတင် (၆၁နှစ်)မှာ ဒဏ်ရာများရ၍
သေဆုံးနေကြောင်းတွေ့ရသည်။ စုံစမ်းချက်အရ ဇွန် ၂၆ ရက် ညနေ နာရီခွဲခန့်တွင် သေဆုံးသူ ဒေါ်သေးတင်နှင့် ခင်ပွန်း ဖြစ်သူ ဦးအောင်ဒင်တို့မှာ ဆင်များအန္တရာယ် ကာကွယ်ရန် အဆိုပါ တောထဲရှိ သစ်ပင်ပေါ်၌ ပြုလုပ်ထားသော လင့်စင်ပေါ်တွင် ရှိနေစဉ် တောဆင်ရိုင်း တစ်ကောင်ရောက်ရှိ လာပြီး လင့်စင်ထိုးသော သစ်ကိုင်းကို ဆွဲချသဖြင့် သေဆုံးသူနှင့် ခင်ပွန်း ဖြစ်သူတို့မှာ အောက်သို့ပြုတ်ကျခဲ့ရာ တောဆင်ရိုင်းကသေဆုံးသူ ဒေါ်သေး တင်ကို နှာမောင်းဖြင့် ရစ်ပတ်ကာ ကိုင်ပေါက်သဖြင့် သေဆုံးခြင်း ဖြစ် သည်။ ခင်ပွန်းဖြစ်သူ ဦးအောင်ဒင်မှာ လွတ်မြောက်သွားခဲ့ပြီး ၎င်းတွင်လည်း  လင့်စင်ပေါ်မှ ပြုတ်ကျ ခဲ့သည့်အတွက် ဒဏ်ရာများရရှိခဲ့သည်။ ဥက္ကံမြို့ ရဲစခန်းက အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment