ကော့သောင်း ၊ ဇွန် ၃၀ ရက်
ကော့သောင်းမြို့နယ် ၊ အမှတ်(၂) အခြေခံပညာ အထက်ကျောင်းမှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ
တွင်ထူးချွန် စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းအခမ်းအနားကို
ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျောင်း ခန်းမတွင်ပြုလုပ်ကျင်းပ ပြုလုပ်သည်။
ထူးချွန်ဆုချီးမြှင့်ပွဲတွင် ကော့သောင်းတပ်နယ်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်တင်က
အဖွင့်မှာစကား ပြောကြားသည်။
ထို့နောက် အမှတ်(၂) အခြေခံပညာအထက်ကျောင်း မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ
တွင်ထူးချွန် စွာအောင်မြင် ခဲ့ကြသည့် ကျောင်းသား/သူများအား စစ်ဗျူဟာမှူးနှင့် နယ်မြေခံတပ်ရင်းများမှ
တပ်ရင်းမှူးများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ထူးချွန်စွာအောင်မြင်နိုင်ရေး ခွင့်ရက်မယူ ပညာသင်ကြားပေးကြသည့် ဆရာ/ဆရာမများအား
ကျောင်းအုပ်ချုပ်ရေး တာဝန်ခံနှင့် တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုဆုနှင့်
ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်သည်။
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် အတွင်း မြို့နယ် မြို့နယ်ခွဲ များ ရှိ
အခြေခံပညာ ကျောင်း များ မှ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်အောင်မြင်မှုတွင်
အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကော့သောင်းတစ်ခရိုင်လုံးတွင် (၄)ဘာသာဂုဏ်ထူးရှင်
တစ်ဦး ထူးချွန်စွာ ပေါ် ထွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment