မန္တလေး ဇူလိုင် ၁
ပြန်ကြားရေးဝန်ကြီးဌာန၏ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယ အဆင့်အရှိန်မြင့်တင်မှု
လုပ်ငန်းစဉ် Third Wave ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး
အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ မန္တလေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
မကွေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြန်ကြားရေးဝန်ကြီးဌာန
လက်အောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်း များမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင်
ဒုတိယဝန်ကြီး ဦးပိုက်ထွေးက နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု
လုပ်ငန်းစဉ်များတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအနေဖြင့် တာဝန်သိမှု၊
တာဝန်ယူမှုတို့ဖြင့် အောက်ခြေ ဝန်ထမ်းအဆင့်ကပါ လိုက်ပါပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်ရန် ရေရှည်အတွက် အခြေခံအုတ်မြစ် ခိုင်မာအောင် ဆောင်ရွက်ရေးနှင့်
ပြည်သူတို့၏ လူမှုစီးပွား လိုအပ်ချက်များကို ချက်ချင်း ဆောင်ရွက်ပေးရေးဆိုသည့် အပိုင်းနှစ်ပိုင်းကို
ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် နိုင်ငံတော်သမ္မတကြီး
လမ်းညွှန် ထားသည့် အတိုင်း ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်အောင်
အစွမ်းကုန် ကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူက ဆွေးနွေး ပြောကြားချက်များအပေါ် ဖြည့်စွက်၍ ဆွေးနွေးပြောကြားခဲ့
သည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်fပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊
ရုပ်ရှင်အဆင့်မြှင့်တင်ရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း
တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် မိမိတို့အစုအဖွဲ့လိုက် သီးခြားအဖွဲ့ငယ်များဖွဲ့၍တွေ့ဆုံပြီး
တာဝန် သိမှု၊ တာဝန်ယူမှု ဖြင့်ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများ
ဌာနအလိုက်ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည့် အစီအမံများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

No comments:
Post a Comment