Wednesday, July 2, 2014

နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ်သေဆုံး

ရမည်းသင်း၊ ဇူလိုင်-၁
ရမည်းသင်းမြို့ အနောက်ဘက်(၁၅) မိုင်ခန့်ရှိ သစ်ဆုံဆည်တွင် ရမည်းသင်းနည်းပညာတက္ကသိုလ် မှ ကျောင်းသား တစ်ဦးနှင့် ကျောင်းသူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရရှိသည်။
 အဆိုပါ ရေနစ်သေဆုံးသောသတင်းအရ ရမည်းသင်းမြို့ ရွာတန်းရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့သည် အခင်းဖြစ်ပွားသည့် နေရာသို့ သွားရောက်စစ်ဆေးရာ ရမည်းသင်းနည်းပညာတက္ကသိုလ်မှ မောင်တင်ထူးအောင်(BEEC-43)၊ (၁၉)နှစ်၊ (ဘ) ဦးအောင်မြင့်၊ ၉/ပဘန(နိုင်)၂၅၈၁၂၀၊ အောင်ချမ်းသာကျေးရွာ၊ ဇဗ္ဘူသီရိမြှိုနယ်နေသူနှင့် မယွေးယွေးနိုင် (BEEC-48)၊ (၁၉)နှစ်၊ (ဘ)ဦးအောင်မြင့်၊ ၉/ပဘန (နိုင်) ၁၇၄၃၉၁ မြို့မရပ်၊ ပျော်ဘွယ်မြို့နေသူတို့နှစ်ဦးဖြစ်ပြီး ၄င်းတို့ကို ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ရွာတန်းရဲစခန်းမှ အမှုဖွင့်၍ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment