Tuesday, July 1, 2014

စစ်ကိုင်းမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် ဝတ်စား ဆင်ယင်မှုပြပွဲကျင်းပ

စစ်ကိုင်း ဇွန်(၃၀)
၂၀၁၄ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စစ်ကိုင်းမြို့တွင် အမျိုးသမီးရေးရာအဖွဲ့မှ ဈေးရောင်းပွဲတော်နှင့် ဝတ်စားဆင်ယင်မှုပြပွဲကို ဇွန်(၃၀)ရက်ညနေ(၃)နာရီခွဲက မြို့တော်ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ စစ်ကိုင်းမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ ဈေးရောင်းပွဲတော်ကို ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နီလာဟိန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နှင်းအိခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး၊ ဈေးရောင်းပွဲတော်တွင်မြို့ပေါ်(၁၈)ရပ်ကွက်ရှိ အမျိုးသမီးရေးရာအဖွဲ့များက ရပ်ကွက်အလိုက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသော သန့်ရှင်းစင်ကြယ်သော မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် ဒေသထွက်သစ်သီးများကို ခင်းကျင်းပြသရောင်းချနေမှုကို ကြည့်ရှု့ဝယ်ယူအားပေးခဲ့ကြသည်။

ဆက်လက်၍ ခန်းမအတွင်း၌ စစ်ကိုင်းပညာရေးကောလိပ်မှ သင်တန်းသူ ဆရာမလောင်း လေးများက မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝတ်စားဆင်ယင်မှုပြပွဲကို ခရိုင်/မြို့နယ် အမျိုးသမီး ရေးရာ အဖွဲ့ဥက္ကဌတို့မှ ကြည့်ရှု့အားပေး ဂုဏ်ပြုဆုများ ချီးမြှင့် ပေးအပ်ခဲ့သည်ကို သိရသည်။

No comments:

Post a Comment