တောင်ကြီး-ဇူလိုင်
၂၇
သမဝါယမ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းသည်
ဇူလိုင်(၂၄)ရက်တွင် ကလောမြို့နယ် သမဝါယမဦးစီးဌာန ရုံးကို လည်းကောင်း၊ ရွှေညောင်မြို့ရှိ
တောင်ကြီးမြို့နယ် သမဝါယမ အသင်းစု၏ ဆန်စက်ဝင်း အတွင်း အုတ်လုပ် ငန်း ဆောင်ရွက်နေမှုကို
လည်းကောင်း၊ တောင်ကြီးမြို့ ရွှေသဉ္ဇာ ရောင်းဝယ်ရေး သမဝါယမ အသင်း၏ ရွှေသဉ္ဇာဧည့်ရိပ်သာ လုပ်ငန်းအခြေအနေကို
လည်းကောင်း၊ တောင်ကြီးမြို့နယ် သမဝါယမ အသင်းစုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ဇူလိုင်(၂၅)ရက်တွင် တောင်ကြီးမြို့
ပြည်နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပသော ပြုပြင်ပြောင်းလဲရေးနှင့် လုပ်ငန်းသုံးသပ် ညှိနှိုင်းအစည်းအဝေးသို့
တက်ရောက် အမှာစကား ပြောကြားပြီး တောင်ကြီးမြို့ သမဝါယမ သင်တန်းကျောင်း၌ တောင်ကြီးမြို့နယ်
သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းစု ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊
အခြေခံသမဝါယမ အသင်းသားများအား တွေ့ဆုံ ခဲ့ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ၊ ဆက်လက်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိခဲ့သည်။
.jpg)

No comments:
Post a Comment