နေပြည်တော် ဇွန် ၃၀
မြန်မာ့ကျောက်မျက်ရတနာများ ခင်းကျင်းပြသရောင်းချသည့် (၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ သတ္တမနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ အရည်အသွေး ပြည့်ဝကောင်း မွန်လှသည့် မြန်မာ့ကျောက်မျက် ရတနာများသည် ဖြူနီပြာဝါ အရောင် အသွေးစုံလင်လှသည့် နိုင်ငံတကာ ရတနာကုန်သည်များ အလယ်တွင် ထည်ဝါ ခံ့ညားလှပလျက်ရှိနေကြသည်။
နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် သတ်မှတ်ဧရိယာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို မိမိတို့စိတ်ကြိုက်ဈေးနှုန်း အဆိုပြုလွှာများ တင်သွင်းနိုင်ရန် လွတ်လပ်စွာ လှည့်လည်ကြည့်ရှု လေ့လာမှတ်သား၍ ဈေးနှုန်းများ သူ့ထက်ငါ အပြိုင်တင်သွင်းနေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်နေ ရသည်။
ညနေပိုင်းတွင် သတ္တုတွင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန်း ထွန်းအောင်သည် ကျောက်စိမ်း အတွဲများ တင်ဒါတင်သွင်းနေမှုများနှင့် လက်ဝတ်ရတနာအရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေး သည်။
ယနေ့ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်စိမ်းတွဲအမှတ် ၃၆၀၁မှ ၄၈၀၀ထိ ကျောက်စိမ်းတွဲပေါင်း၁၂၀၀ ကိုတင်ဒါစနစ်ဖြင့် ရောင်းချခဲ့သည်။
ပြပွဲသို့ တက်ရောက်လာသောတရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျဲရန်မြို့မှ ကျောက်မျက်ရတနာကုန်သည် လင် ကျားသိုက်က “ဒီနေ့ ကျွန်တော်အရမ်း ရင်ခုန်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်နဲ့အပြိုင်တင်သွင်းသူတွေ များပြားနေလို့ပါ။ ကျွန်တော်ပေးနိုင် တဲ့ဈေးတွေကပဲ ဒီပွဲတွေမှာ အောင် မလား၊ သူများတွေကပဲ အောင်သွား မလား ကျွန်တော်ရင်မောနေရတယ်ဗျ၊ ကျွန်တော်ဒီလိုပြ ပွဲကိုလာတာ လေး ကြိမ်ရှိသွားပါပြီ၊ ဒီနိုင်ငံရဲ့ ရာသီဥတု၊ ဖော်ရွေတဲ့အပြုံး၊ ကူညီတတ်တဲ့စေတနာတွေကို ကျွန်တော် လေးစားနှစ် သက်ပါတယ်” ဟုပြောကြားခဲ့သည်။
No comments:
Post a Comment