Wednesday, July 30, 2014

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပထမအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ဆောင်ရွက်ရေးဖိုရမ် (1st MDCF)တွင် အတည်ပြု ထုတ်ပြန်ခဲ့သည့် နေပြည်တော် သဘောတူညီချက်နှင့်အညီ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင် ရွက်လျက်ရှိပြီး ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များအတွက် လုပ်ငန်းအဖွဲ့(၁၇)ဖွဲ့ ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။

၎င်းလုပ်ငန်းအဖွဲ့(၁၇)ဖွဲ့တွင် အပါအဝင်ဖြစ်သည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၏ တတိယ အကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးအား ဇူလိုင် တတိယပတ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးစီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဌာနများဖြစ်သည့် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေး ဘဏ်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော World Bank၊ IMF၊ AusAid ၊ DFID ၊ ADB ၊ JICA ၊ Japan Embassy၊ USAID၊ KOICA ၊ UNICEF ESihfနှင့် MDRICES  တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင်က ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့မှ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေး စီမံကိန်း၏ တိုးတက်မှုအခြေအနေ၊ ရှေ့လာမည့်(၆)လနှင့် (၁၂)လအတွင်း ဆက်လက်ဆောင်ရွက်မည့် ဦးစားပေး အစီအစဉ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် နယ်ပယ်များအား ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ပြီး ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ထို့နောက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ အမြင်များကို ပြန်လည်ဆွေးနွေးပြီး ဆက်လက်ပူးပေါင်း ကူညီသွားရန် ကတိပြုအားပေးဆွေးနွေးခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၏ အကူအညီများရယူ၍ မြန်မာနိုင်ငံ၏ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်အား ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပိုမို ပွင့်လင်းမြင်သာမှုရရှိလာစေရန်၊ ပြည်သူ့ဘဏ္ဍာငွေအရ အသုံးများကို ပိုမိုပီပြင်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်စေရန်တို့အတွက် ၂၀၁၂ ခုနှစ်မှစ၍ ဆောင်ရွက် ခဲ့ရာ ယခုအချိန်တွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment