Tuesday, July 29, 2014

ကင်းဆိပ်ကျေးရွာ၊ အလိမ္မာဥယျာဉ်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

တောင်ငူ ဇူလိုင် ၂၉
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကင်းဆိပ်ကျေးရွာအုပ်စု၊ ကင်းဆိပ်ကျေးရွာ၊ အလိမ္မာဥယျာဉ် စာကြည့်တိုက်တွင်၊ ဇူလိုင်လ (၂၉) ရက်၊ နေ့လည် (၁) နာရီ အချိန်က နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ရုံး စာကြည့်တိုက်ရှိ သုတ/ ရသ စာအုပ် (၁၅၀) အား ခင်းကျင်းပြသပြီး စာဖတ်ရှိန် မြှင့်တင်ရေးနှင့် စာကြည့်တိုက်များရေရှည်တည်တံ့ချုင်မြဲရေးနှင့် ပတ်သတ် ၍ ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ဟောပြောပွဲ ကျင်းပပေးသည့် အတွက် ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက် စာပေဝါသနာရှင်များ ကြိုက်နှစ်သက်သည့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment