Wednesday, July 30, 2014

မကွေးတက္ကသိုလ် ခြေလျင်တောင်တက်အဖွဲ့မှ ငဖဲမြို့နယ်နတ်ရေကန်တောင်သို့ တက်မည်

မကွေး၊ ဇူလိုင် ၂၉
ဇူလိုင် ၂၇ ရက်တွင် မကွေးတက္ကသိုလ် ခြေလျင်တောင်တက်အဖွဲ့မှ ကျောင်း သား၊ ကျောင်းသူ ၄၀၀ ခန့် ပါဝင်လမ်းလျှောက်ခဲ့ကြပြီး ၎င်းအဖွဲ့သည် ဩဂုတ် ၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် နတ်ရေကန်တောင်သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတက္ကသိုလ်မှ ခြေလျင်တောင်တက်အဖွဲ့သည် ယခုဇူလိုင်လအတွင်း လမ်းလျှောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ဇူလိုင်၂၇ ရက် နံနက် ၅ နာရီက တတိယအကြိမ် လမ်းလျှောက်စစ်ဆေးခြင်းကို ဆောင်ရွက်ရာ မကွေးမြို့ တောင် တွင်းလမ်းမကြီးမှ မကျီးကန်ကျေးရွာ၊ ကွန်ပျူတာတက္ကသိုလ်အနီး သင်ကြား ရေးတက္ကသိုလ်လမ်းခွဲ၊ နတ်မောက်လမ်း၊ သစ္စာလမ်းမှ မကွေးတက္ကသိုလ်အထိ စုစုပေါင်း မိုင် ၂၀ ခန့် လမ်းလျှောက်ခဲ့သည်။

ယခုတတိယအကြိမ် စစ်ဆေးလမ်းလျှောက်သည့် ကျောင်းသား၊ ကျောင်းသူ များသည် ၎င်းတို့၏ နှလုံးနှင့် ဒူးခေါင်းများ ကြံ့ခိုင်မှုကို စစ်ဆေးအောင်မြင်မှသာ တောင်တက်ခရီးစဉ်တွင် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment