Tuesday, July 1, 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အတွက် စီမံကိန်း တာဝန်ပေးအပ်

ဂန့်ဂေါ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ဇွန် ၃၀ ရက်နံနက်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က
အမှာစကား ပြောကြားပြီး ဂန့်ဂေါခရိုင် စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးအောင်ကျော်မိုးက ကျေးလက်နှင့်မြို့ပြစီမံ ကိန်းဆိုင်ရာနည်းလမ်းများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် အကောင် အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းတာဝန်များ ပေးအပ်သည်။

No comments:

Post a Comment