Sunday, July 27, 2014

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ မြောင်းတကာစက်မှုဇုန်၌ကျင်းပ

ရန်ကုန်-ဇူလိုင်  ၂၇
ရန်ကုန်တိုင်းဒေသကြီး ၂၀၁၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲနှင့် ၂၀၁၃ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ဆုရရှိခဲ့သော စိုက်ခင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီ (၄၅)မိနစ်တွင် ရန်ကုန်မြောက်ပိုင်း ခရိုင် မှော်ဘီမြို့ နယ်၊ မြောင်းတကာသံမဏိ သံရည်ကျို စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်



ဦးမြင့်ဆွေက အမှာစကား ပြောကြားရာတွင် ကျင်းပခဲ့သည့် သစ်ပင်စိုက်ပျိုး ပွဲများသည် ရန်ကုန်တိုင်းဒေသကြီး အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင် ရွက်ရန် ပြည်သူများကို အသိပေးနှိုးဆော်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် ပါဝင် ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍမှ ၂၀၁၄ခုနှစ်တွင် စုစုပေါင်းသစ်ပင်(၁၄)သိန်းကျော် စိုက်ပျိုးပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က ၂၀၁၄ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲနှင့် ၂၀၁၃ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်ဆုရရှိခဲ့သော စိုက်ခင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြောင်းတကာသံမဏိသံရည်ကျိုစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးရွှေထူးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၃ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သည့် စိုက်ခင်းများအတွက် ဆုများပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် တာဝန်ရှိသူ များထံ ပျိုးပင်များပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၁၄ခုနှစ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အထိမ်းအမှတ် ကံ့ကော်ပင်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အဖွဲ့က ပျိုးပင်များအား စိုက်ပျိုးပေးကြပြီး စက်ရုံအလုပ်ရုံများမှ အလုပ်သမားများနှင့် ဒေသခံပြည်သူများမှ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယနေ့အခမ်း အနားတွင် ကံ့ကော်၊ ပိတောက်၊ ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ယူကလစ်၊ အင်ကြင်း အပါအဝင် သစ်ပင်အမျိုးပေါင်း (၁၀)မျိုး၊ သစ်ပင်ပေါင်း(၁၀၂၀)ပင် စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment