Monday, July 28, 2014

အလယ်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

မြင်းခြံ ၊ ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊  သာပေါင်းကျေးရွာအုပ်စု၊ ပတ္တာ  ( အနောက်) ကျေးရွာ အလယ်တန်းကျောင်း(ခွဲ) အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၀း၂၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်၊ ခရိုင်ပညာရေးမှူးဦးတင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်တို့ မှ ကျောင်းဆောင်ရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ဦးကျော်ဆန်းမှ စက်ခလုတ်နှိပ်၍ ကျောင်းဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားကို ကျောင်းဆောင်အတွင်း ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းလေးများမှ မြတ်ဆရာ သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့ပြီး  တိုင်းဒေသကြီး ဝန်ကြီး ဦးကျော်ဆန်းမှ အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးတင်ဝင်းမှ ကျောင်းအဆင့်တိုးမြှင့်ပေးမှုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းအဆင့်တိုးမြှင့်ပေးမှု အမိန့်လွှာကို ကျောင်းအုပ်ကြီး ဒေါ်မာဆွေဝင်းထံသို့ ပေးအပ်ခဲ့ပါသည်။
ထို့နောက်   မန္တလေးတိုင်းဒေသကြီး    စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး  ဦးအောင်ဇံနှင့် ဇနီး    ဒေါ်သန်းသန်းမြင့်တို့မှ ကျောင်းသုံး ဗလာစာအုပ် ဒါဇင် (၅၀)၊ မြို့နယ်အထောက်အကူပြုအဖွဲ့မှ ဦးရှိန်နှင့်ဇနီး ဒေါ်သန်းမြင့် (စိန်ကမ္ဘာ) မှ ကျောင်းသုံး ဗလာစာအုပ်ဒါဇင် (၂၅) နှင့် ဦးတင့်လွင်နှင့် ဇနီးဒေါ်ခင်မေအုန်း   (အောင်ကမ္ဘာ သစ်စက်နှင့်ရေခဲစက်) တို့မှ (၂၅) ဒါဇင် တို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ကြီး ဒေါ်မာဆွေဝင်းမှ လက်ခံရယူ ခဲ့ပါသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆာင်ဥက္ကဌ ဦးသောင်းလွင်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများမှ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေ ခဲ့ကြပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာဆွေဝင်းမှ  ကျောင်းဖွင့်ပွဲ အထိမ်းအမှတ်အလံများကို ဝန်ကြီးနှင့် ဧည့်သည်တော်များကို ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပညာရည်ချွန်ဆုပေးပွဲကို အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီး ဦးကျော်ဆန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သင်းအောင်၊ ခရိုင်ပညာရေးမှူး ဦးတင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးဘသစ် နှင့် မြို့နယ်ဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုအဖွဲ့ဝင်များမှ ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment