သာစည် ဇူလိုင် ၂၇
၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မိတ္ထီလာခရိုင်
သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု ကျောက်အိုးကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ)
ဖွင့်လှစ်ခွင့်ရသည့်အတွက် ကျောင်းသားကျောင်းသူများ ပညာသင်ကြားရေး အဆင်ပြေ သွားပြီဖြစ်ကြောင်း
သိရသည်။
ကျောင်း(ခွဲ)ဖွင့်ပွဲကို ဇူလိုင် ၂၇ ရက်
နံနက်(၀၈း၃၀) က ၎င်းကျောင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံထွန်း၊
မြို့နယ်ပညာရေးမှူး ဒေါ်ခင်အေးမြင့်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသောင်းနှင့်
ကျောင်းအကျိုးတော်ဆောင် ဦးစိုးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အခမ်းအနားတွင်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်းနှင့် ဦးစံထွန်းတို့က အမှာစကားပြောကြားပြီး
မြို့နယ်ပညာရေးမှူးက ပညာရေးနှင့်ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် လှိုင်းတက်ကျေးရွာနေ
ဦးစိုးဝင်းအောင်+ ဒေါ်အေးအေးခိုင် မိသားစုမှ ကျောင်းအတွက် အလှူငွေနှစ်သိန်းကျပ်ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံများကို
တာဝန်ရှိသူများအား ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင် ဦးစိုးမောင်က ကျေးရွာပြည်သူများကိုယ်စား
ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment