စစ်တွေ ဇူလိုင် ၁
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာဝန်
ဒေါက်တာမြတ်နန္ဒာခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့
ကျောင်းကျန်းမာရေး လုပ်ငန်းများကို သတ်မှတ် ရက်များအလိုက် လှည့်လည်ဆောင်ရွက်လျက်ရှိရာ
ဇူလိုင် ၁ ရက် နံနက် ၁၁ နာရီက ကျောင်းတက်လမ်းရပ်ကွက်ရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌
ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ပေးခြင်းတို့ကို
ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာမြတ်နန္ဒာခိုင်က သွေးလွန်တုတ်ကွေးရောဂါ
ဖြစ်ပွားရခြင်း နှင့် ရောဂါမဖြစ်ပွားစေရေးအတွက် ခြင်နှိမ်နှင်းရေးလုပ်ငန်းများ၊
HIV / AIDS ရောဂါနှင့်ပတ်သက်သည့် သိကောင်းစရာများ၊ သံကောင်ရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါ၊
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ဆေးလိပ် သောက်ခြင်း၏ ဆိုးကျိုးများအကြောင်းကို စာသင်ခန်းများအလိုက်
လှည့်လည်ဟောပြောရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာမှတ်သားကြကြောင်း သိရသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အောင်နှင့် ဆရာမများ၏ ဝိုင်းဝန်းကူညီဆောင်ရွက်
ပေးမှုဖြင့် သူငယ်တန်းမှ ဆဌမတန်းအထိ ကျောင်းသား၊ ကျောင်းသူ (၅၉၀)ဦးတို့အား တစ်ကိုယ်ရေ
သန့်ရှင်းမှု ကောင်း/မကောင်း၊ အသက်အရွယ်နှင့် ကိုယ်အလေးချိန် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊
အာဟာရချို့တဲ့မှု ရှိ/မရှိ၊ ကူးစက်ရောဂါ ရှိ/ မရှိတို့ကို စစ်ဆေးပေးပြီး ကျောင်းနှင့်
ကျောင်းပတ်ဝန်းကျင် သန့်ရှင်းမှု ရှိ/မရှိ၊ ရေကန်၊ ရေအိုးများတွင် ပိုးလောက်လန်းများ
ခိုအောင်းခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။
No comments:
Post a Comment