Wednesday, July 2, 2014

သဘာဝပတ်ဝန်းကျင် ချစ်သူများအဖွဲ့”မှ လမ်းဘေးဝဲ ၊ ယာတစ်လျှောက် သန့်ရှင်းရေးများပြုလုပ်

ချောင်းဦး ဇူလိုင် (၁)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ “သဘာသဝပတ်ဝန်းကျင် ချစ်သူများအဖွဲ့မှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်လျှက်
ဇူလိုင်(၁)ရက်နေ့က ချောင်းဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျောင်မြင့်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ဆန်းယဉ်နှင့် စည်ပင်သာယာရေးဝန်ထမ်းများ၊ သဘာဝပတ်ဝန်းကျင် ချစ်သူများ အဖွဲ့ စုစုပေါင်းအင်အား(၅၀)ဦးခန့်က ချောင်းဦးမြို့နယ် လမ်းဘေးဝဲ/ယာ တစ်လျှောက်ရှိ ပလပ်စတစ် အိတ်ခွံနှင့် အမှိုက်များကို လိုက်လံကောက်ယူ၍ သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment