Wednesday, July 2, 2014

စစ်ကိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ မိုးရာသီ စုပေါင်းသစ်ပင်စိုက်

စစ်ကိုင်း၊ဇူလိုင်(၁)
၂၀၁၄၊ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်(၁)ရက်နံနက်(၇)နာရီက စစ်ကိုင်းမြို့ နီလာရပ်ကွက် မြို့ရှောင်လမ်းဘေးဝဲဘက်တွင်စိုက်ပျိုးခဲ့ ကြသည်။


သစ်ပင်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်များစွာ အထောက်အကူ ပြုသည့် အတွက် စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်နီလာဟိန်းက စိုက်ပျိုးရန်အတွက် ယူကလစ်ပင် များ ကိုပေးအပ်ရာ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်နှင်းအိခိုင်က လည်းကောင်း၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းပညာရေးကောလိပ် မှသင်တန်းသူဆရာမလောင်းနှင့်အတူယူ ကလစ်၊ တမာ၊ မာတာကွတ်၊ စွယ်တော်၊ ယင်းမာ၊ စိန်ပန်းပင် စုစုပေါင်း(၄၀၀)ပင်ကို ခရိုင သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်-၂ နှင့်ဝန်ထမ်းများက စိုက်ပျိုးရာတွင် ကူညီဆောင်ရွက် ပေးခဲ့ပြီး ပျော်ပျော်ပါးပါး စိုက်ပျိုးခဲ့ကြသည်ကို သိရသည်။

No comments:

Post a Comment