မဟာချိုင် ဇွန် ၃၀
ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထိုင်ယူနစ်ရပ်ကွက်၌ LPN က ဦးစီးပြုလုပ်သော ဆာမူ စာခွန်ခရိုင် ပြည်သူ့ဆက်ဆံရေး တာဝန်ခံနှစ်ဦးဖြစ်သည့် ထိုင်းတပ်မတော် မှ ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့က မြန်မာအလုပ်သမားများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတစ်ရပ်ကို ဒေသစံတော်ချိန် ည ၇ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌ ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးတာဝန်ခံက “ဆာမူစာခွန်ခရိုင်အတွင်းမှာ တရားမဝင် အလုပ်လုပ် ကိုင်ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားများနှင့်တကွ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမားများကို မကြာခင်မှာ တရားဝင်အလုပ်သမားများဖြစ်အောင် ယာယီနေထိုင်ခွင့် ထောလော ၃၈ များကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်တရားမဝင် အလုပ်သမားတွေ လာရောက်ပြုလုပ်ကြပါ။ ထိုင်းစစ်တပ်က အကြောင်းမဲ့ မတရားဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာ မဟုတ်မမှန်ပါဘူး။ ထိုင်းစစ်သားတွေကို တွေ့မြင်ပါက ကြောက်လန့်ခြင်း မရှိကြဖို့နှင့် ယခုပြုလုပ်မယ့် ယာယီနေထိုင်အလုပ်လုပ်ခွင့် ထောလော ၃၈ကို ပြုလုပ်ရာမှာ ပွဲစားများကို အထူးသတိပြုဖို့ ပြောကြားလိုပါတယ်” ဟု ပြောကြားခဲ့သည်။
ထိုင်း ယူနီယမ်ပင်လယ်အစားအစာထုတ်လုပ်သော စက်ရုံ၌ အလုပ်လုပ် ကိုင်နေသူ ကိုဝင်းအေးက “ကျွန်တော်တို့နေရတာ တထိတ်ထိတ်နဲ့ဖြစ်နေတာ၊ ဒီမှာလည်း ထိုင်းစစ်တပ်က ဝင်ဖမ်းမယ်၊ ဝင်ဖမ်း မယ်ဆိုတဲ့သတင်းတွေ နေ့တိုင်း ကြားနေရတော့ နေရတာ ကျီးလန့်စာစားနေရသလို ဖြစ်နေတာ တော်တော် ကြာနေပြီ၊ အခုလို ထိုင်းတပ်မတော်အရာရှိတွေကိုယ်တိုင် အကျိုးအကြောင်း တွေ လာရောက်ရှင်းပြပေးမှ စိတ်အေးရတော့တယ်” ဟု ပြောဆိုသည်။
ထို့အပြင် တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများအား တရားဝင်အလုပ်လုပ် ကိုင်နေထိုင် ကြစေရေး အတွက်
ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းဖြင့် ထိုင်းတပ်မတော်မှ ဗိုလ်မှူး တစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့က ပြောကြားကြောင်း MAT အဖွဲ့က ပြောကြားသည်။
No comments:
Post a Comment