Tuesday, July 1, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဖိလစ်ပိုင် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွါ









နေပြည်တော်၊ ဇွန်၊ ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဖိလစ်ပိုင်သမ္မတနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Emmanuel Trinidad Bautista ၏ဖိတ်ကြားချက်အရ ရန်ကုန်မြို့မှ တစ်ဆင့် ဖိလစ်ပိုင်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန် နေပြည်တော် လေဆိပ်မှ ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မောင်မောင်အေးနှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်တင်အောင်စန်း၊ စစ်ဦးစီး အရာရှိချုပ် (လေ)ဗိုလ်ချုပ်လွင်ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောနှင့် တပ်မတော် အရာရှိကြီးများ လိုက်ပါ သွားကြသည်။
အဆိုပါ ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု ၅၉ နှစ်တာအတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် သွားရောက် ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံအစိုးရနှင့် တပ်မတော်မှ တာဝန်ရှိသူ များ နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ် များ ဆွေးနွေးခြင်းနှင့် မနီလာမြို့ရှိထင်ရှားသော နေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment