Thursday, July 31, 2014

ညောင်ဦး၌ မိုးပွင့်စီမံချက် အဆင့် (၆) လုပ်ငန်းစတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ညောင်ဦး ဇူလိုင် ၃၀
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီ အချိန်က ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ  မြို့နယ် လဝက ဦးစီးမှူး ဦးအောင်ခင်နှင့် ဝန်ထမ်းများသည် မိုးပွင့်စီမံချက်အဆင့် (၆) အရ နိုင်ငံသားအရည်အချင်းရှိသူ  ကျောင်သား ကျောင်းသူများ ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက်ပေးရာ  တိုင်းဒေသကြီး  လွှတ်တော်ကိုယ်စားလှယ်  ဦးသန်းဌေးနှင့်  ခရိုင်လဝကမှူး  ဦးထိန်လင်း (လက်ထောက်ညွှန်ကြားရေးမှူး) တို့က  သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည် များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 
ထိုသို့  မိုးပွင့်စီမံချက်အဆင့်(၆) နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်မှုကို ဇူလိုင် ၃၀ ရက်နေ့က  စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊    မြို့နယ်လဝက ဦးစီးမှူးနှင့်   ဝန်ထမ်းများက   ညောင်ဦး အထက ကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူ (၅၅၅) ဦးခန့်အား နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပြုလုပ်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ညောင်ဦးမြို့နယ်အတွင်း ကျန်ရှိသည့် အခြေခံပညာကျောင်းများသို့   သွားရောက်ပြီး    မိုးပွင့်စီမံချက်  အဆင့် (၆)   နိုင်ငံသား စိစစ်ရေးကတ်ပြားများ  ဆက်လက်ကွင်းဆင်း  ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။      

No comments:

Post a Comment