Thursday, July 31, 2014

ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ အခမ်းအနား ကျင်းပ

မုံရွာ ဇူလိုင်(၃၀)
ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားကို ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးသင်းလှိုင်၊ လွှတ်တော် ဒုတိယဥက္ကဌ ဦးသောင်းစိန်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် လွှတ်တော် ကိုယ်စားလှယ် (၈၂)ဦး တက်ရောက်ကြသည်။
ထို့နောက် လွှတ်တော်ဥက္ကဌ က အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ(၁၀၀)ဦး အနက်(၈၂)ဦး တက်ရောက်သည့် အတွက်(၈၂%)ရာခိုင်နှုန်း ဖြစ်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
အစည်းအဝေးတွင် “ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုအား လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းခဲ့ကြပြီး သက်ဆိုင် ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ “၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်း အသုံးစရိတ် ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲခြင်းနှင့် တင်ဒါပိုလျှံငွေများအား ငွေစာရင်း ခေါင်းစဉ် လွှဲပြောင်းသုံးစွဲခွင့်ပြုရေး” လွှတ်တော်သို့ တင်ပြခြင်း၊ “ကျွန်းလှဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အစီရင်ခံစာ” နှင့် “ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ကျေးလက် မီးလင်းရေး ဆောင်ရွက်ထား ရှိမှု အစီရင်ခံစာ”များအား တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များမှ လွှတ်တော်သို့ တင်ပြခြင်းများ ဆောင်ရွက်ကြ သည်။

ထို့နောက် ပထမအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ဒုတိယနေ့ အခမ်းအနားကို နေ့လည် (၁၂း၁၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အခမ်းအနားကို (၃၀.၇.၂၀၁၄)ရက်နေ့ နံနက်(၁၀) နာရီတွင် ပြန်လည် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment