Wednesday, July 30, 2014

အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်



ကျောက်ဆည်၊ ဇူလိုင် ၂၉
ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမဆောင်တွင် ဇူလိုင်လ (၂၈) နံနက် (၉း၃၀) နာရီက အခြေခံပညာ တက်ရောက်ပညာသင်ယူနေသော ကျောင်းသားကျောင်းသူများအား ဘေးအန္တရာယ် ကင်းရှင်းစွာ ပညာသင်ယူနိုင်ရေးအတွက် အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဇော်မိုးလွင်က အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်များနှင့် ရှောင်းရှားနိုင်ရေး အသိပညာပေး ဆွေးနွေးသည်။ ထို့နောက် မြို့နယ် ပညာရေးမှူး ဒေါ်နှင်းဦးက ရေနစ်သေးဆုံးမှုများ မဖြစ်ပေါ်စေရေးတို့ကို ဖြစ်စဉ်များနှင့်အတူ ပညာပေးဆွေးနွေးပြီး ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးခိုင်ဦးက အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သတ်သည့် ဥပဒေအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment