Wednesday, July 30, 2014

မြင်းခြံဒီဂရီကောလိပ်တွင် ရှေးဦးသူနာပြုစုနည်း ကြက်ခြေနီသင်တန်းဖွင့်

မြင်းခြံ ၊ ဇူလိုင် - ၂၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံဒီဂရီကောလိပ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဘာသာရပ်ပေါင်းစုံ ရှေးဦး သူနာပြုစု နည်း ကြက်ခြေနီသင်တန်းကို ဇူလိုင်လ (၂၈) ရက်နေ့ မွန်းလွဲ (၂း၃၀) နာရီ အချိန်တွင် မြင်းခြံဒီဂရီကောလိပ်ခန်းမတွင် ဖွင့်လှစ်ခဲ့ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြင်းခြံဒီဂရီကောလိပ် ခေတ္တကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာဒေါ်ပြုံးမှ သင်တန်းအဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၊ ဒုတပ်ရင်းမှူး ဦးတင်အောင်မှ သင်တန်းသားများအား ကြက်ခြေနီသင်တန်း၏ မွန်မြတ်ပုံများနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး ရှေးဦးသူနာပြုစုနည်းများကို ပို့ချခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြင်းခြံဒီဂရီကောလိပ် ခေတ္တကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ပြုံးနှင့် ဆရာ/ ဆရာမများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးတင်အောင်နှင့် တပ်ဖွဲ့ဝင်များ သင်တန်းနည်းပြ ဆရာများ၊ မြင်းခြံဒီဂရီကောလိပ်မှ သင်တန်းသား (၁၅၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ် (၂) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment