Wednesday, July 30, 2014

သွေးလွန်တုပ်ကွေးကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရမည်းသင်း၊ ဇူလိုင်-၂၉
ရမည်းသင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် ငှက်ဖျားရောဂါဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးနှင့် ပညာပေးခြင်းတို့ကို ဇူလိုင် (၂၈)ရက်မှ သြဂုတ် (၁) ရက်နေ့ထိ မြို့ပေါ်ရပ်ကွက်(၂၁) ရပ်ကွက်နှင့် အခြေခံပညာ စာသင်ကျောင်းများ ကို ခြင်ဆေးဖျန်ခြင်းလုပ်ငန်း များ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ရပ်ကွက်နှင့် စာသင်ကျောင်းများအတွင်း ချုံနွယ်များ ခုတ်ထွင်ခြင်း၊ ခြင်ဆေးမှုတ်ခြင်း၊ ရေထဲသို့ အဘိတ်ဆေးများထည့်ခြင်း၊ ပညာပေးခြင်းများကို ဆောင်ရွက် ရာ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန
ဒေါက်တာ ဒေါ်မြင့်မြင့်မော်နှင့် သားဖွားဆရာမများ၊ ငှက်ဖျားရောဂါဌာနမှ ၀န်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment