Tuesday, July 1, 2014

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများမှ ကောက်နုတ်ချက်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရာထူးဝန်အဖွဲ့
Union Civil Service Board
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများမှ ကောက်နုတ်ချက်
၁။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၆--၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁၂/ ၂၀၁၄ဖြင့် ထုတ်ပြန် ခဲ့ပြီးဖြစ်ရာ အဆိုပါနေ့မှ စတင်၍ အာဏာတည်ပါသည်။

၂။ ဝေးလံခေါင်သီသောဒေသများနှင့် ခရီးလမ်းပန်းဆက်သွယ်မှု ခက်ခဲ သောဒေသများတွင် တာဝန်ထမ်း ဆောင်လျက် ရှိသည့် နိုင်ငံ့ဝန်ထမ်းများ အား တာဝန်ထမ်းဆောင်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဝန်ထမ်း
အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်အလို့ငှာ အဆိုပါနိုင်ငံ့ဝန်ထမ်း နည်းဥပဒေများအနက်မှ ဝန်ထမ်းများ သိရှိသင့်သည့် အချက်များကိုကောက်နုတ်၍ ဖော်ပြခြင်းဖြစ်ပါသည်။
ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာသတ်မှတ်ချက်များ
၃။ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အခန်း()တွင် ဝန်ထမ်းခန့်ထားခြင်း ဆိုင်ရာ သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ နည်းဥပဒေ ၄မှ နည်းဥပဒေ ၁၃ အထိ သတ်မှတ်ပြဋ္ဌာန်းထားရှိရာ ယင်းတို့အနက် အောက်ဖော်ပြပါ နည်းဥပဒေအချို့ကို ထုတ်နုတ်၍ ဖော်ပြအပ်ပါသည်နည်း ဥပဒေ ၄။ ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌
အတည်ပြုခန့်ထားရာတွင်-
(က) ရာထူးသည် အမြဲတမ်းလစ်လပ်သည့် ရာထူးဖြစ်ရမည်။
() တစ်ချိန်တည်း၌ ဝန်ထမ်းတစ်ဦးထက်ပို၍ ခန့်ထားခြင်းမပြုရ။
() ဝန်ထမ်းတစ်ဦး၏ ရာထူးအနွယ်ပိုင်ဆိုင် ခွင့်ရှိထားသည့်ရာထူး၌ အခြားဝန်ထမ်း တစ်ဦးကို အတည်ပြု ခန့်ထားခြင်းမပြုရ။
() ဝန်ထမ်းသည် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်ရမည်။
() ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်း ဆေးလက်မှတ်တင်ပြနိုင်ရမည်။
နည်းဥပဒေ ၅။ နည်းဥပဒေ ၄အရ အတည်ပြုခန့်ထားခြင်းခံရသော
ဝန်ထမ်းသည်-
(က) နိုင်ငံတော်၏ အကျိုးအတွက် လိုအပ်လျှင် အချိန်ပြည့် တာဝန်ထမ်းဆောင်ရမည်။
( ) မူလတာဝန်အပြင် အခြားလိုအပ်သော တာဝန်များကို ပေးအပ်ပါက ထမ်းဆောင် ရမည်။ နည်းဥပဒေ ၆။ အတည်ပြုခန့်ထားခြင်းခံရသည့် ဝန်ထမ်းတစ်ဦးသည်-
(က) ရာထူးဆိုင်ရာ တာဝန်ဝတ္တရားများ စတင် ထမ်းဆောင်သည့်နေ့မှစ၍ သတ်မှတ်ထားသည့် လစာနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။
() ပြည်ပတွင် တာဝန်ဖြင့် ရောက်ရှိနေစဉ် အချိန်တွင် လည်းကောင်း၊ ပညာသင်ကြား နေစဉ်အချိန်တွင် လည်းကောင်း ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရပါက တိုးမြှင့်ခန့်ထားသည့်နေ့ရက်မှစ၍ ယင်းရာထူးလစာကို ခံစားခွင့်ရှိသည်။
() ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတာဝန် ထမ်းဆောင်နေချိန်အတွင်း ရာထူးတိုးမြှင့်ခံရပါက ယင်းကာလပြီးဆုံး၍ မိခင်ဌာနတွင် ပြန်လည်တာဝန်ထမ်းဆောင် ချိန်မှသာ တိုးမြှင့်ခန့်ထားသည့် ရာထူး၏ လစာကို ခံစားခွင့်ရှိသည်။
နည်းဥပဒေ ၇။ ဝန်ထမ်းတစ်ဦးသည် အောက်ပါအချိန်ကာလများ တွင် မူလရာထူး၌ ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ဆက်လက်တည်ရှိသည်-
(က) အမြဲတမ်းရာထူးတစ်ခုတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည့် ကာလ၊
( ) ပြည်တွင်း၊ ပြည်ပ၌ ဌာန၏ခွင့်ပြုချက်ဖြင့် ပညာလေ့လာဆည်းပူးနေသည့် ကာလ၊
( ) အခြားရာထူးတစ်ခု၌ ခေတ္တပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသည့် ကာလ၊
() ပြင်ပဝန်ထမ်းစည်းကမ်းချက်ဖြင့် ပြည်တွင်း၊ ပြည်ပတွင် လွှဲပြောင်းတာဝန်ထမ်းဆောင် နေသည့်ကာလ၊
( ) ရာထူးတစ်ခုမှတစ်ခုသို့ ပြောင်းရွှေ့သည့် အခါ ကူးပြောင်းချိန်အတွင်း၌ ရှိနေသည့် ကာလ၊
( ) ခွင့်ခံစားနေသည့်ကာလ၊
() တာဝန်မှယာယီရပ်ဆိုင်းခြင်းခံထားရသည့် ကာလ။
နည်းဥပဒေ ၁၀။ ပြစ်ဒဏ်တစ်ရပ်အဖြစ် အဆင့်နိမ့်ရာထူးသို့ ကာလ သတ်မှတ်ချက်ဖြင့် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ရသည့် ကိစ္စတွင် ယင်းဝန်ထမ်း၏ ရာထူးအနွယ်သည် မူလရာထူး၌သာရှိပြီး အဆင့် နိမ့်ရာထူး၏ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ကို မရရှိစေရ။
နည်းဥပဒေ ၁၂။ ဝန်ထမ်းတစ်ဦးသည် ပြင်ပဝန်ထမ်းစည်းကမ်း ချက်များဖြင့် လွှဲပြောင်းတာဝန်ထမ်းဆောင် နေသည့်အခါမှတစ်ပါး ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြစ်စေ အလုပ်ခွင်မှ တစ်ဆက်တည်း ငါးနှစ်ကင်းကွာလျှင် ကင်းကွာသည့်ကာလ ငါးနှစ်ပြည့်သည့်နေ့၏နောက် နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ အလိုအလျောက် ရပ်စဲပြီး ဖြစ်သည်။
အဓိပ္ပာယ်ဖော်ပြချက်။ ရာထူးအနွယ်ပိုင်ဆိုင်ခွင့်ဆိုသည်မှာ ဖွဲ့စည်းပုံပါ လစ်လပ်သော အမြဲတမ်းရာထူး၌ အတည်ပြုခန့်အပ် ပိုင်ဆိုင်ခွင့် ရရှိခြင်းကိုဆိုသည်။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအနက် အခြားသိရှိသင့်သည့် အချက်များကို ဆက်လက်ဖော်ပြသွားပါမည်။

No comments:

Post a Comment