Tuesday, July 1, 2014

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကျန်းမာရေးကဏ္ဍ ဖွဲ့စည်းပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားတွင် အမှာစကားပြောကြား




နေပြည်တော်   ဇွန်   ၃၀
ကျန်းမာရေးကဏ္ဍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် နာရီ တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ရွိုင်ရယ်ကုမုဒြာဟိုတယ်၌ ကျင်းပရာ အမျိုးသားကျန်းမာရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။ ဖွင့်ပွဲအခမ်းအနားသို့ အမျိုးသား ကျန်းမာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဖေသက်ခင်၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဌာနဆိုင်ရာ အကြီး အကဲများ၊ ဘာသာရပ်ဆိုင်ရာ ပညာ ရှင်ကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အမျိုးသား ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က အမှာစကားပြောကြားရာ၌ ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ သည် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ငါးခုအနက် နောက်ဆုံး အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ကို စတင်ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီး ဌာနတစ်ခုလုံး၏ လုပ်ငန်းအခြေ အနေအပေါ် သုံးသပ်ကြည့်လျှင် တိုးတက်သည့်အပိုင်းများ အမြောက် အမြားတွေ့မြင်ရသကဲ့သို့ မတိုး တက်သေးသည့် အပိုင်းများလည်း တွေ့မြင် နေရပါကြောင်း၊ အချို့ နေရာ များတွင် မတိုးတက်သည့် အပြင် ပကတိအခြေအနေအရ ကျဆင်းနေသည့် အခြေအနေမျိုး ရောက်ရှိ နေသည်ကို တွေ့ရပါကြောင်း၊ ခေတ် အလျောက် ပြောင်းလဲတိုးတက်လာသည်ကို ပြည်သူလူထုက လက်ခံ ကြိုဆိုကြမည် ဖြစ်သော်လည်း ကျဆင်းသွားသည်ကိုတော့ လက်ခံနိုင်ကြမည်မဟုတ်ပါကြောင်း။ ထိုကြောင့် အခြေအနေအရပ် ရပ်ကို ဆန်းစစ်ပြုပြင်နိုင်ရန်အတွေ့အကြုံရင့်ကျက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ယခု ကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပအဖြေရှာကြခြင်း ဖြစ်ပါကြောင်း၊ နောက်ဆုံးအလုပ်ရုံဆွေးနွေးပွဲဖြစ် သည့်အတွက် ပြီးခဲ့သည့်အပတ်များ က ဆွေးနွေးပွဲဆုံးဖြတ်ချက်များ၊ အကြံပြုချက်များသည် ယခုနှင့် အနာဂတ်နိုင်ငံတော်၏ လိုအပ်ချက်များနှင့် အနီးစပ်ဆုံးဖြစ်ရန်လိုအပ်ပါကြောင်း။
တစ်နိုင်ငံလုံးရှိ ကျန်းမာရေး ဌာနအားလုံးတွင် လိုအပ်သည့် လက်ထောက်ဆရာဝန်၊ အထူးကု ဆရာဝန်မှစ၍ အဆင့်ဆင့်သောဝန်ထမ်းများ ပြည့်မီအောင် ဖြည့် ဆည်းပေးနိုင်သည့် အကြံပြုချက်၊ ဆုံးဖြတ်ချက်၊ စီမံချက်ဖြစ်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် သမ္မတက လမ်းညွှန်မှာကြားခဲ့သည့် လိုအပ်ချက်များနှင့် လွဲချော်သွားသည့် ခေါင်းစဉ်ဆွေးနွေးခြင်းမျိုး မဖြစ်စေရန်လည်း သတိချပ်ရမည် ဖြစ်ပါကြောင်း။ ပြီးခဲ့သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ကဏ္ဍအလိုက် ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းများ လိုအပ်သည့်နေရာများတွင် အပြည့် အဝခန့်ထားပေးနိုင်ရေး၊ ပိုလျှံနေသည့် အရင်းအမြစ်ကိုလည်း အကျိုး ရှိရှိအသုံးချနိုင်ရေး၊ နိုင်ငံတကာရောက် မြန်မာနိုင်ငံသား အရင်း အမြစ်များ လာရောက်နိုင်ရေးနှင့်ပုဂ္ဂလိကကဏ္ဍအားပေးမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း။
လိုအပ်ချက်ကို အမြန်ဆုံး ဖြည့်နိုင်ရန် ဒီပလိုမာသင်တန်းများ ဖွင့်မည်ကို သဘောကျသူများ ရှိ သကဲ့သို့ သဘောမကျသူများလည်း ရှိပါကြောင်း၊ နှစ်ဖက်စလုံးက ကြောင်းပြချက်များ မှန်နေပါကြောင်း၊ ဘွဲ့လွန်ကို လျှောက်ထားစေရာတွင် ဒီပလိုမာသင်တန်းကို ဖြတ်ကျော် သွားရန်နှင့် မဟာဘွဲ့ကို သီးသန့်စီ လျှောက်ထားရန် အယူအဆနှစ်ခု ကြား အငြင်းပွားလျက်ရှိပါကြောင်း၊ မဟာဘွဲ့ကို လေးငါးကြိမ် လျှောက်ထားပြီး မရနိုင်သည့်သူများ ဒီပလိုမာဘက်ကို လျှောက်လာ မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် သီးခြားစီ ခွင့်ပြုခဲ့သည်ဟု သိရှိရပါကြောင်း။
လျှောက်ထားသည့်စာရင်းများ အရ နိုင်ငံတော်၏ လိုအပ်ချက်ကို မည်သို့မျှ ဖြည့်နိုင်မည်မဟုတ်သည့်အတွက် ပြန်လည်စဉ်းစားသုံးသပ်ရန် လိုအပ်ပါကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ခရီးစဉ်များတွင် တင်ပြကြသည့် လူ့စွမ်းအားလိုအပ်ချက်သည် ကြီးမားပါကြောင်း၊ လက်ရှိအခြေအနေတွင် လည်း လိုအပ်ချက်များစွာရှိပါ ကြောင်း၊ လိုအပ်ချက်များကို မဖြည့်ပေးနိုင်သမျှ လူတန်းစားအလွှာ အားလုံး အသက်အန္တရာယ်ရှိနေမည် ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း။ ကုသမှုအရည်အသွေး မြှင့်တင် ရေးတွင်လည်း ကျန်းမာရေးဆိုင်ရာအဆောက်အအုံ၊ စက်ပစ္စည်းကိရိယာ၊ ဝန်ထမ်းအဆင့်ဆင့်အတွက် နည်းပညာသင်တန်း၊ စံကုထုံး ကုနည်း လမ်းညွှန်ထုတ်ဝေရေး၊ လူနာညွှန်းပို့ဆိုင်ရာ ကွန်ရက်ရေးဆွဲ ရေး၊ ပြည့်စုံသည့် လူနာတင်ယာဉ် စနစ် ပေါ်လာရေး၊ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်း အရည်အသွေးထိန်းသိမ်း ရေးစသည်တို့ကိုလည်း ဆွေးနွေးခဲ့ ကြပြီး ဖြစ်ပါကြောင်း။ ပဏာမ ကျန်းမာရေးစောင့် ရှောက်မှုတွင် ကျေးလက်နှင့် မြို့ပြ ဆင်ခြေဖုံးအထိ လွှမ်းခြုံနိုင်ရေး၊ ဒေသန္တရကျေးလက် ကျန်းမာရေး ဌာနနှင့် ဌာနခွဲများတိုးချဲ့ရေး၊ အခြေခံ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား အရည်အသွေးပြည့်ဝရေး၊ သားဖွားဆရာမများ၏ အဓိက တာဝန်ကို တာဝန်ပေးရေး၊ ကျောင်း ကျန်းမာရေးလုပ်ငန်း မြှင့်တင်ရေး၊ အာဟာရဖွံ့ဖြိုးရေးနှင့် မလွန်ကဲရေး၊ ကျန်းမာရေးပညာမြှင့်တင်ရေး တို့ကိုလည်း ဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း။
လူတိုင်းလက်လှမ်းမီ လွမ်းခြုံ နိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အချိန်တွင် လူတိုင်း၏ကိုယ်ပိုင်ဝင်ငွေမှ ကျသင့်ငွေ ပေး ချေသည့် အချိုးအစားလျော့ကျစေ သော စနစ်မျိုးရှိလာစေရေး၊ သာတူညီမျှရှိသည့် ကျန်းမာရေး အာမခံစနစ်ရရှိစေရန် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းပါဝင်သည့် စနစ်မျိုး ရရှိရေးတို့ကိုလည်း အကြံပေး ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါကြောင်း။
ကျန်းမာရေးကဏ္ဍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ခေါင်းစဉ်အောက်တွင်လည်း အုပ်စုများဖွဲ့၍ ဆွေးနွေးကြရ မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန လုပ်ငန်းအားလုံးကို ကွပ်ကဲချုပ်ကိုင်နေရသည့် ဦးစီး ဌာန()ခု၏ တာဝန်များစီမံခန့်ခွဲကြရာတွင် ဦးစီးဌာနတစ်ခုချင်းစီ၏ ဝန်နှင့်အား မျှတနိုင်နင်းစွာ ဆောင်ရွက်နိုင်ရန်သည် အရေးကြီးဆုံး ဖြစ်ပါကြောင်း၊ ထမ်းဆောင်ရမည့် တာဝန်နှင့် ပေးထားသည့်အင်အား မမျှတပါက လုပ်ငန်းစွမ်းဆောင်နိုင် မှုကျဆင်းပြီး လုပ်ငန်းတစ်ရပ်လုံး အပေါ် အကျိုးသက်ရောက်နိုင်ပါကြောင်း။
ဝန်နှင့်အား မျှတသော်လည်း လုပ်ငန်းများဖရိုဖရဲဖြစ်ပြီး ပီပြင် ပြီးပြတ်အောင် မလုပ်နိုင်ခြင်းသည် ဝန်ထမ်းများ၏ စွမ်းရည်ကျဆင်း နေခြင်းနှင့် ကြီးကြပ်မှုအားနည်း ခြင်းတို့ကြောင့် ဖြစ်နိုင်ပါကြောင်း။ ကျန်းမာရေး ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန()ခုတွင် လုပ် ငန်း အများဆုံးသည် ကျန်းမာရေး ဦးစီးဌာနဖြစ်ပြီး ဝန်ကြီးဌာနလုပ်ငန်း ၈၀ ရာခိုင်နှုန်းကို တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။ ထို့ကြောင့် ယနေ့ကျင်းပသည့် ကျန်းမာရေးကဏ္ဍ ဖွဲ့စည်းပုံပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ မအားလပ်သည့်ကြားက ကြွရောက် ဆွေးနွေးပေးကြသည့် အသိပညာရှင် အတတ်ပညာရှင် ဆရာ ဆရာမ ကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍတွင် နိုင်ငံတကာနှင့်ယှဉ်ပြီး နိုင်နိုင်နင်းနင်း စီမံခန့်ခွဲ သွားနိုင်စေရန်နှင့် ကျန်းမာရေး ကဏ္ဍ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ဆွေးနွေးအကြံဉာဏ် ပေးကြရန် အလေးအနက် တိုက် တွန်းလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားကျန်မာရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပရာ အမျိုးသားကျန်းမာရေး ကော် မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိပညာပေးခြင်း လုပ် ငန်းများဆောင်ရွက်မှု အခြေအနေနှင့် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်ဆိုင်ရာ ကိစ္စရပ်များ၊ ရောဂါကာကွယ်တားဆီးခြင်း လုပ် ငန်းများဆောင်ရွက်မှု အခြေအနေနှင့် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များဆိုင်ရာ ကိစ္စရပ်များ နှင့် ရောဂါဖြစ်ပွားလျှင်ထိရောက်စွာကုသမှုပေးခြင်း လုပ်ငန်းများ ဆောင် ရွက်မှုအခြေအနေနှင့် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက် များဆိုင်ရာ ကိစ္စရပ်များကို အုပ်စု ငါးစုဖွဲ့၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို ရွိုင်ရယ်ကုမုဒြာဟိုတယ်၌ ဇူလိုင် ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment