Wednesday, July 30, 2014

မွန်ပြည်နယ်လုံးဆိုင်ရာ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဆွေးနွေးပွဲ ကျင်းပ



ကျိုက်ထို  ဇူလိုင်  ၂၉
မွန်ပြည်နယ်လုံးဆိုင်ရာ ဒေသန္တ္တရ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်၊ နံနက် ၉နာရီက မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည် ဆွေးနွေးပွဲသို့ မွန်ပြည်နယ် ဒေသန္တရဖွံ့ဖြိုးရေး အဖွဲ့မှ
အဖွဲ့ဒါရိုက်တာ ဒေါ်ကေသီ၊ အကြံပေးအရာရှိ ဒေါ်ချောစုဝင်း၊ တွဲဖက် သုတေသီ မိဝင်းသီတာ၊ သင်တန်းနည်းပြ ညိုမီထွဋ်၊ မေအောင်စုနှင့် လက်ထောက်စီမံ ဦးအောင်နန်ဂျာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦမျိုးအောင်၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ ဦးစံမြ နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးလက် ကျန်းမာရေးမှူးများ၊ ဆရာဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ အဖွဲ့ဒါရိုက်တာက ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ တက်ရောက် လာသူများကို အုပ်စု (၅) စု ဖွဲ့ပေးပြီး ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ငြိမ်းချမ်းသော အဖွဲ့အစည်းတို့ ဖွဲ့စည်း၍  အုပ်စုအလိုက် သိလိုသောအကြောင်း အရာများကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment