Wednesday, July 30, 2014

တောင်ငူတက္ကသိုလ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တောင်ငူ ဇူလိုင် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ တက္ကသိုလ်တွင် ဇူလိုင်လ (၃၀) ရက်နေ့၊ နံနက် (၉) နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးမှ သစ်ပင်ပျိုးခြင်း အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သက်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဝင်းတို့မှ သစ်ပင်များကို စိုက်ပျိုးမည့်သူ အသီးသီး အား ပေးအပ်ခဲ့သည်။ ထို့နောက် ကျွန်းပင်၊ ယင်းမာပင်၊ ငုဝါပင်၊ စိန်ပန်းပင်၊ ဂန့်ကော်ပင်၊ ခရေပင် စုစုပေါင်း (၄၅၀) ပင်အား သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများက တပျော်တပါး သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment