Tuesday, July 29, 2014

ကျောက်ပန်းတောင်း စည်ပင်ကော်မတီမှ ကျပ်သိန်း (၅၀) နှင့်အထက် ငွေလုံး ငွေရင်းအသုံးစရိတ်များအား အိတ်ဖွင့်တင်ဒါ ခေါ်ယူရောင်းချပွဲ ကျင်းပ

ကျောက်ပန်းတောင်း၊ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာအဖွဲ့၏၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ကျပ်သိန်း-(၅၀) နှင့် အထက် ငွေလုံးငွေရင်း အသုံးစရိတ်လုပ်ငန်းများ အိတ်ဖွင့်တင်ဒါရောင်းချပွဲ အခမ်းအနားကို ဇူလိုင်(၂၈) ရက်၊ နံနက် (၁၀) နာရီက မြို့နယ်စည်ပင်သာယာရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အိတ်ဖွင့်တင်ဒါ စီစစ်ရောင်းချရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စည်ပင်သာယာကော်မတီဥက္ကဌ ဦးကိုကြီး၊ မြို့နယ်စည်ပင်သာယာကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စည်/ပင် အမှုဆောင်အရာရှိ ဦးအောင်ကျော်ဟိန်း၊ ကော်မတီအဖွဲ့ဝင် ဦးဆန်းဝင်းအောင်၊ တင်ဒါရောင်းချရေးအဖွဲ့ဝင် ဦးသက်ထားမောင်၊ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ပြည့်နှင့် MIT ဆောက်လုပ်ရေးလုပ်ငန်းအဖွဲ့၊ လင်္ကာဒီပကုမ္ပဏီ၊ ထူးပြည့်သာကုမ္ပဏီ၊ ထွန်းညိုလူကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကိုကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာ ကော်မတီအတွင်းရေးမှုးက တင်ဒါစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် အိတ်ဖွင့်တင်ဒါရောင်းချခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ကြသည်။ အဆိုပါအိတ်ဖွင့်တင်ဒါရောင်းချခြင်းမှာ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနအောက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့(၂၂)ဖွဲ့နှင့် မြို့နယ်ခွဲ(၁) ဖွဲ့တို့တွင်  ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်ကျပ်သိန်း(၅၀) နှင့်အထက် လုပ်ငန်းများဆောင်ရွက်ရန်အတွက် လုပ်ကိုင်ခွင်လိုင်စင်ရရှိထားသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါသွင်းရန်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment