Tuesday, July 29, 2014

အမက (၀ဲကျွန်း)(ဘီ)ကျောင်း တွင် (မူလွန်)ကျောင်းသား/ကျောင်းသူများအားအာဟာရဖြည့် နွားနို့တိုက်ကျွေး

ထားဝယ်   ဇူလိုင် ၂၈        
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ၀ဲကျွန်းရပ်၊ အ.မ.က (၀ဲကျွန်း)(ဘီ) ကျောင်းတွင် (မူလွန်) ကျောင်းသား/ကျောင်းသူ များအား အာဟာရဖြည့် နွားနို့တိုက်ကျွေး အခမ်းအနားကို



ယနေ့နံနက်(၀၉း၃၀)နာရီ  အ.မ.က(၀ဲကျွန်း) (ဘီ)ကျောင်း တွင် ကျင်းပရာ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဥာဏ်လင်းက နွားနို့တိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြ သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမေခိုင်နှင့် ဆရာ/ဆရာမများတို့က မူလွန်  ကျောင်းသား/ကျောင်းသူ (၁၅၅)ဦးအား အာဟာရဖြည့် ကြက်ဥနှင့်နွားနို့များကို တိုက်ကျွေးပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်မေမေခိုင်က ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်း  ရရှိသည်။

No comments:

Post a Comment