Tuesday, July 29, 2014

တနင်္သာရီတိုင်းဒေသကြီး၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ရုံးသစ်ဖွင့်ပွဲအခမ်းအနား

ထားဝယ် ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ရုံးသစ် ဖွင့်ပွဲအခမ်းအနားကို  ဇူလိုင်(၂၇)ရက်နေ့၊  နံနက်(၀၉၀၀)နာရီ  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်(၈၂) ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်သစ်တောနှင့်



သတ္တုဝန်ကြီး ဦးတင်စိုး၊ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်နှင့် တိုင်းဒေသကြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးတို့က ရုံးသစ် ဆိုင်းဘုတ်အား အမွေးနံ့သာရည်ပက်ဖျန်းသည်။
ထိုနောက် တိုင်းဒေသကြိးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ဒေသခံပြည်သူများတို့က   တိုင်းဒေသကြီးရုံး ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနား အားတက်ရောက်ချီးမြှင့်ပေးသည်။
အဆိုပါ ရုံးကို (၂၇-၇-၂၀၁၄)ရက်နေ့တွင် ရုံးသစ်ဖွင့်ခြင်း အထိမ်းအမှတ်ဖြင့် အာရုံဆွမ်းကပ်၊ အန္တရာယ်ကင်း ပရိတ်တရားနာခြင်း၊  ၀ါဆိုသင်္ကန်းကပ်ခြင်း ဆောင်ရွက်ခဲ့သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာန၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သော လုပ်ငန်းများ  အောင်မြင်စွာ  အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာ နှီးနွှယ်နေသော အစိုးရ ၀န်ကြီးဌာနများ၊ အစိုးရမဟုတ်သော  အဖွဲကအစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရေး   ပတ်ဝန်းကျင် ထိန်းသိမ်းရေး  ဆိုင်ရာမူဝါဒများ၊  နည်းဥပဒေများ၊ စံချိန်စံညွှန်းများ၊   စီမံကိန်း၊စီမံချက်များ ရေးဆွဲ၍   အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖြစ်သည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးရုံးတွင် အရာထမ်း၊ အမှုထမ်း (ဒေသခံ/နေ့စား ၀န်ထမ်း များ) အပါဝင် (၁၆)ဦးဖြင့် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

အဆိုပါအဆောက်အဦသည် တစ်ထပ် RC အမျိုးအစား ဖြစ်ပြီး အလျား(၆၀)ပေ၊ အနံ(၄၀)ပေ၊ အမြင့်  (၁၆)ပေရှိ၍ ပြည်ထောင်စုဘဏ္ဍာငွေဖြင့် တည်ဆောက်ကာ တန်ဖိုးငွေကျပ်သိန်း (၃၉၃)သိန်း ဖြစ်၍ (၁၈-၂-၂၀၁၄)  ရက်နေ့တွင် စတင်တည်ဆောက်၍ (၁၅-၆-၂၀၁၄)ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း   သတင်းရရှိ သည်။

No comments:

Post a Comment