Thursday, July 31, 2014

သာသနာရေးဝန်ကြီးဌာန ၂၀၁၄ ခုနှစ် (န၀မအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် လျှိုပိတ်ဆည်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်-ဇူလိုင် ၃၁
သာသနာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် (န၀မအကြိမ်) မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်နှင့် လျှိုပိတ်ဆည် အတွင်း ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် သာသနာရေးဝန်ကြီးဌာန စိုက်ပျိုးရေး ကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး
 ဦးစိုးဝင်းက ကံ့ကော်ပင်ကို သတ်မှတ်နေရာ၌ စိုက်ပျိုးပေးပြီး ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးက ကံ့ကော်ပင်ကို လည်းကောင်း၊ သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရေပင်ကိုလည်းကောင်း၊ ဌာနအကြီး အကဲများက မဟော်ဂနီ ပင်များကိုလည်းကောင်း သတ်မှတ်ထားသော နေရာအသီးသီးတွင် စိုက်ပျိုးပေးကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက သာသနာရေး ဝန်ကြီးဌာန လျှိုပိတ်ဆည်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးကြပြီး ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
သာသနာရေးဝန်ကြီးဌာန ၂၀၁၄ ခုနှစ် (န၀မအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် လျှိုပိတ်ဆည် အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပနားမားငု၊ ပျဉ်းမ၊ မဲဇလီပင် စုစုပေါင်း (၁၃၀၀)ပင် စိုက်ပျိုးခဲ့ကြောင်း၊ ရိုးရိုးငါးကြင်း၊ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမ စုစုပေါင်း (၈၅၅၀)ငါး မျိုးစိုက်ထည့်ခဲ့ကြောင်းနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ထမ်းအင်အား (၂၉၉)ဦး ပါဝင်စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment