Thursday, July 31, 2014

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဧည့်တွေ့

နေပြည်တော်-ဇူလိုင် ၃၁
မြန်မာနိုင်ငံ၏ ကောင်းမွန်သောပုံရိပ်များကို အမေရိကန် ပြည်သူ များနှင့် စီးပွားရေးအသိုက်အဝန်းတို့အား အသိပေးနိုင်ရန်အလို့ငှာ US- Television မှProgram Manager Mr. Wim Luyten သည် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ယင်းဝန်ကြီးရုံး၌ ယနေ့နံနက်(၁၀)နာရီတွင် လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတကာဆက်ဆံရေး အခန်းကဏ္ဍနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသည့် အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေး၊ မြန်မာနိုင်ငံ၌ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံရန် သင့်လျော်မည့် စီးပွားရေး ကဏ္ဍများ၊ နိုင်ငံတကာမှ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဆွဲဆောင် နိုင်သည့် အားသာ ချက်များ၊ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပါဝင်ဆောင်ရွက်နေမှုများ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment