Tuesday, July 29, 2014

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးပညာပေးဟောပြော

ရေဖြူ     ဇူလိုင်  ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် မူခင်းကျဆင်းရေး အသိပညာဟောပြောပွဲကို ဇူလိုင်(၂၆)ရက်နေ့၊ နေ့လည်(၁း၀၀)နာရီက ရေဖြူမြို့နယ်၊ ပုဂေါဇွန်း ကျေးရွာ၊ အခြေခံပညာ မူလတန်း ကျောင်းဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇောမြင့်နှင့် မြို့နယ်ရဲစခန်းဒုရဲမှူးထွန်းလွင်တို့က မှုခင်းကျဆင်းရေး ဆိုင်ရာ အကျယ်တ၀င့် ဟောပြောပြီး မြို့နယ်ဥပဒေ အရာရှိ ဦးကျော်ဇင်ဝင်းနှင့် လဲရှောင် ကျေးရွာအုပ်စု ကျန်းမာရေးမှူး ဦးတင်စိုးတို့က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး  အသိပညာပေး ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ ပုဂေါဇွန်းကျေးရွာ ဒေသခံပြည်သူ (၁၀၀)ဦးခန့် တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment