နေပြည်တော် ဇွန် ၃၀
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ
ဝန်ကြီးဌာန နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် တတိယအဆင့် အရှိန်မြှင့်တင်မှု
(Third Wave) လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန
အစည်းအဝေးခန်းမ၌ ကျင်းပ
ရာ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းကပြောကြားရာတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု
ပထမအဆင့်နှင့် ဒုတိယအဆင့် အရှိန်မြှင့်တင်မှုတို့တွင် မိမိတို့ ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်ခဲ့သည့်
အခြေအနေများကို လေ့လာသုံးသပ်၍ လိုအပ်ချက်များ ကို ပြုပြင်ပြောင်းလဲသွားရန် လိုအပ်ကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏အားနည်းချက်များအား လေ့လာဆန်းစစ်ပြီး အကောင်းဆုံးဖြစ်အောင်
ပြုပြင်ပြောင်းလဲကြရမည်ဖြစ်ကြောင်း၊ အောက်ခြေဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်မှုအပေါ် အဆင့်ဆင့်
ကြပ်မတ်ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ အဆင့်လိုက် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အညီ
ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားအောင်
ဆွေးနွေးပွဲများနှင့် လုပ်ငန်းနှင့်ပတ်သက်သည့် နည်းပညာများ၊ သင်တန်းများကိုလည်း လေ့လာသွားရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်ရာတွင်
ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး သည်လည်း အရေးကြီးသည့်ကဏ္ဍမှ ပါဝင်ပြီး ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ
မြို့ပြနှင့် ကျေးလက် ဒေသဖွံ့ဖြိုးမှု ကွာဟချက် များ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အုပ်ချုပ်ရေး၊
စီးပွားရေး၊ လူမှုရေးလျင်မြန် ချောမွေ့စေရေးအတွက် e-Government စနစ် ဖွံ့ဖြိုးတိုးတက်အောင်
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျန်ဝန်ကြီးဌာနအားလုံးနှင့် လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်မည့်အစီအမံများဖြစ်စေရန်
စုစည်းပေါင်းစပ် ညှိနှိုင်းပေးရန်နှင့် ပုံမှန်လေ့လာစောင့်ကြည့်အကဲဖြတ်ဆောင်ရွက်သွားရန်
တာဝန်ရှိကြောင်းကို အထူးသတိပြုစေလို ကြောင်း၊ စီမံခန့်ခွဲအုပ်ချုပ်မှုအပိုင်းတွင်လည်း
လုပ်ငန်းများအားလုံးလျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် လုပ်ငန်းတိုင်းတွင်ဗဟိုမှ ချုပ်ကိုင်မှုကို
လျှော့ချပြီး ရာထူးအဆင့် အလိုက် လျော်ညီစွာပေး အပ်ထားသည့် လုပ်ပိုင်ခွင့်ကိုမှန်ကန်စွာကျင့်သုံးကြရန်လိုကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့်
ဦးသောင်းတင်တို့ကဝန်ထမ်းများ လုပ်ဆောင်ရမည့်တာဝန်များနှင့် လုပ်ငန်းစဉ်များ ကိုဆွေးနွေး
ပြောကြားကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment