ဂန့်ဂေါ ဇူလိုင် ၁
၂၀၁၄ ခုနှစ် ဇူလိုင် ၃ ရက်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့်
ဇူလိုင် ၁ ရက်နံနက်က သစ်ပင်စိုက်ပွဲတော်ကို ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာ အခြခံပညာမူလတန်း(လွန်)ကျောင်း
အတွင်း၊အပြင် ပတ်ဝန်းကျင် နေရာများ၌ ကျင်းပသည်။
အဆိုပါသစ်ပင်စိုက်ပွဲတော်တွင် ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီလာမြင့်၊
မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်မိုးမိုးလှိုင်တို့နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊
ပြည်သူများ အင်အား ၅၀၀ ကျော်တို့က ကျွန်း ၃၉၀ ပင်၊ ယူကလစ် ၅၀ ပင်၊ သနပ်ခါး ၃၀ ပင်၊
စိန်ပန်း ၃၀ ပင် နှင့် ကုက္ကို ၅၀ ပင်တို့ကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြကြောင်း
သိရသည်။
No comments:
Post a Comment