နေပြည်တော်၊ ဇူလိုင် -၂
ကျေးလက်နေပြည်သူများ အသိ ပညာဗဟုသုတများ တိုးပွားလာစေရေးနှင့် ခရိုင်ပြည်သူ့စာကြည့်
တိုက်ရှိ စာအုပ်များ ကို မြို့ပြနေပြည်သူများသာမက ကျေးလက်နေပြည်သူများပါ ဖတ်ရှုနိုင်စေရေးအတွက်
ကျေးလက် နေပြည်သူများ၏ လုပ်ငန်းခွင်နှင့် နေအိမ်များအရောက် စာပေများအလွယ်တကူဖတ်ရှုနိုင်ရန်
နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဒေါ်ဖြူသွယ်ထွန်းနှင့် ဝန်ထမ်းများသည် ဇူလိုင်(၂)ရက် နံနက်(၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်
ရန်အောင်မြင် ကျေးရွာအုပ်စု၊ဇီးဖြူကုန်းကျေးရွာသို့ သွားရောက်၍ ကျေးလက်နေပြည်သူများအတွက်
နယ်လှည့်စာကြည့် တိုက်ဖွင့်လှစ်ခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်း များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါနယ်လှည့်စာကြည့်တိုက်တွင် သုတ/ရသစာအုပ်စာစောင်(၂၀၀)ကျော်တို့ကို ပြသ၍ ကျေးလက်
နေပြည်သူများ က ငှားရမ်းဖတ်ရှုလိုသည့်စာအုပ်များကို ငှားရမ်းပေးခဲ့ကြပြီး ငှားရမ်းပေးခဲ့သည့်စာအုပ်များကို
ရက်သတ္တပတ် တစ်ပတ်ပြည့်လျင် ပြန်လည်သိမ်းယူ၍ စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်
ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment